နှာခေါင်းနှင့်နှုတ်ခမ်းတွင် ဆီလီကွန်ထည့်ခြင်း
25-Feb-2017
နှာခေါင်း၊ နှုတ်ခမ်းတွေမှာ ထည့်တာကျတော့ ဆီလီကွန် မဟုတ်ပါဘူး။ နှုတ်ခမ်း ဆိုရင် fat က ကိုယ့်ရဲ့အဆီပဲ။ ဘယ်က ယူသလဲဆိုရင် များသောအားဖြင့် တင်ပါးကနေ ယူတာပါ။ အဲဒါကို စုပ်ယူပြီး သန့်စင်ရတယ်။ အဲဒီသန့်စင်ထားတဲ့ အဆီကိုမှ လိုအပ် သလို နှုတ်ခမ်းမှာ ပြန်ထိုးထည့်ပေးတာပါ။ နှာခေါင်းမှာ ထည့်တာကလည်း ဆီလီကွန် အပျော့ မဟုတ်ဘူး။ အမာထည့်ရတာ၊ သူ့အတွက် သပ်သပ်စီစဉ်ထားတဲ့ ပစ္စည်းရှိတယ်။
အမာပြားလေးပေါ့။ ဒီတော့ ရင်သားရယ်၊ နှုတ်ခမ်းရယ်၊ နှာခေါင်းရယ်မှာထည့်တဲ့ ပစ္စည်းချင်း မတူဘူး။ ထည့်ထားတာမှန်ရင် ခွဲစိတ်ပြုပြင်ထားတာကလည်းကောင်းရင် ပြန်လုပ်စရာ မလိုပါဘူး။ နှာခေါင်းမှာ ထည့်တာကျတော့ အမာပြား ဖြစ်တဲ့ အတွက် ပြင်းပြင်းထန်ထန် ထိခိုက်မိတာမျိုးကိုတော့ ဂရုစိုက်ဖို့လိုတယ်။ မတော်တဆ ထိခိုက်မှုဆိုရာမှာ အခန့်မသင့်လို့ ပိုးဝင်တာမျိုးတော့ ဖြစ်တတ်တယ်။
နောက်ပြီး ခွဲစိတ်ပြု ပြင်ထားတာပုံမကျရင် ပြန်ပြု ပြင်ရတာမျိုး ရှိပါတယ်။ ခွဲစိတ်တာ မကောင်းလို့ အမာရွတ်ကျန်တာတို့၊ ပြန်ထုတ်၊ ပြန်ပြင်လို့ရရင် ပိုးဝင်တာမျိုးတွေတော့ ဖြစ်တတ်ပါတယ်။ ပုံပျက်တာ၊ ကိုယ်လိုချင်တဲ့ ပုံစံမရတာမျိုးလောက်ပဲ ရှိပါတယ်။ ထူးခြားတဲ့ အန္တရာယ်တော့ မရှိပါဘူး။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးစိုးဝင်းဦး
(အရေပြားဆိုင်ရာအထူးကုဆရာဝန်ကြီး)
Health for all magazine, No.108, January 2016, Pg. 81
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
